CDM Hero တယောက်၏ ကိုယ်တိုင်ကျင့်သုံးနေမှုနှင့် အကြံပြုချက်

CDM လုပ်ကထဲက ဖုန်းပိတ်ထားတယ်ဘာ message မှမဖတ်ဘူးရုံးနဲ့ပတ်သက်တာ သံယောဇဉ်အကုန်ဖြတ်ပြီးသားဝန်ထမ်းအိမ်ရာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေဂရုမစိုက်တော့ဘူး တိုက်ခန်းသော့နဲ့ကားသော့ထားခဲ့တယ် အဝတ်အစားနည်းနည်း လိုအပ်တဲ့ပစ္စည်းတွေဘဲယူပီး နယ်ဘက်ကိုရှောင်လာတယ်

မိမိကိုယ်ကို CDM ဝန်ထမ်း ဟုခံယူထားပါက

✓မည်သည့် order မှဖတ်စရာမလိုပါ

✓မည်သည့် ညွှန်ကြားချက်မှ လိုက်နာစရာမလိုပါ

✓မည်သည့် အမိန့်ကြေငြာစာမှ ကြည့်စရာမလိုပါ

✓မည်သည့်သင်တန်းမှလည်း တက်စရာမလိုပါ

  • ရာထူးတိုးလည်းမျော်လင့်မနေပါနှင့်
  • လစာတိုးလည်းမျော်လင့်မနေပါနှင့်
  • အလုပ်ထွက်စာခန့်စာလည်းစိတ်မဝင်စားပါနှင့် မိမိ၏ခံယူချက်ကိုပျက်ပြားစေမည့် မည်သည့်စာမျှမကြည့်ပါနှင့်ကိုယ်နဲ့မဆိုင်သလိုသာထားလိုက်ပါ။
  • အသက်ပေးသွားတဲ့ကလေးတွေမျက်နှာကြည့်ပေးပါ
  • သူတို့တွေရဲ့မိသားစုနေရာကခံစားပေးပါ
  • နေရပ်စွန့်ခွာပေးသွားတဲ့ ဝန်ထမ်းတွေမျက်နှာ ကြည့်ပေးပါ
  • ထောင်ထဲမှာဒုက္ခခံပေးနေရတဲ့သူတွေကိုရှက်ပါ

အားနည်းသူကိုဖိထောင်းနေတဲ့သူတွေလက်ထဲက အတူတွန်းထွက်ကြပါစို့။

Credit: Photo