ဆောင်းပါး (၁၀ ဧပြီ ၂၀၂၁)

၁၀ ဧပြီ ၂၀၂၁

ကုလကြားနာမှုပြီးအတွင်း မြန်မာဘက်က ၃ ဦးတင်ပြခွင့်ရခဲ့ပြီး CRPH ဟာ နိုင်ငံကိုကိုယ်စားပြုခွင့်ရခဲ့တာ ကတော့ အောင်မြင်မှုတခုပါပဲ။ ဘာတွေတင်ပြသလည်းCRPH က ဒေါ်ဇင်မာအောင်ကတော့ မြန်မာလူထုဟာ သူတို့ဆုံးရှုံးခဲ့တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကိုပြန်ရဖို့ ဘယ်လိုရင်းနှီးပေးဆပ်ရမှုမျိုးကိုမဆို ပေးဖို့အဆင်သင့်ပါလို့ဆိုတယ်။

ဒါဟာ စစ်‌ရေးအရ အရေးယူ ဆောင်ရွက်ချက်တွေလုပ်ဖို့လိုနေပြီ ငါတို့စစ်ဒါဏ်ကိုခံမယ်၊ စစ်အာဏာရှင်ပြုတ်ကျတဲ့ အပြင်းထန်ဆုံး‌ ဆောင်ရွက်မှုမျိုးကိုလိုချင်တယ်လို့ တောင်းဆိုလိုက်တဲ့သဘောလို့ ယူဆနိုင်တယ်။

ဒီပွဲမှာ စိုင်းစံခမ်းရဲ့တင်ပြချက်တွေက အချက်အလက်နဲ့ ခံစားချက်ကိုကောင်းစွာရောမွှေထားခဲ့နိုင်တာ တွေ့ရတယ်။ သူပြောခဲ့တာတခုက သူဟာ ရှမ်းတရုတ်သွေးစပ်မွေးဖွားလာသူဖြစ်ပေမယ့် သူ့ခံစားချက်နဲံ ရပ်တည်ချက်ကတော့ မြန်မာဆိုတဲ့ ယေဘူယျသတ်မှတ်ချက်တခုလုံးကို ကိုယ်စားပြုတယ် (ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စု အတွေးအခေါ်ကို ပုံဖော်ပြခဲ့တာဖြစ်တယ်)။

သူတင်ပြခဲ့တာတွေက မြန်မာတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်တိုက်ပွဲဝင်နေတာတွေအားလုံးဟာ ဒေသတခုလုံးမှာရှိတဲ့ ဖိနှိပ်ခံတွေ အားလုံးကို ကိုယ်စားပြုတယ် (တရုတ်နဲ့ အာစီယံကို ပါဝေဖန်လိုက်တာဖြစ်တယ်)။

ပြည်သူကနေပြည်သူ (P2P – People to People) တွဲဆက်မဟာမိတ်အသွင်‌ဆောင်တဲ့လှုပ်ရှားမှုမျိုးဖြစ်တယ်။ မြန်မာလူထုနဲ့ စစ်တပ်ဟာ ပြန်လည်စေ့စပ်ယူလို့ မရနိုင်လောက်အောင်ကို ကွဲသွားခဲ့ပြီဖြစ်တယ်။

အားမပါတဲ့ ဝင်ရောက်စွက်ဖက်မှု တွေဟာ ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူး။ ဒီတော့ လုံခြုံရေးကောင်စီကို ဒါတွေလုပ်ပေးဖို့တောင်းဆိုတယ်။

၁။ လက်ရှိအနေအထားကိုသေသေချာချာစောင့်ကြည့်နေရင်းကနေ စစ်ကောင်စီပေါ်ဖိအားပေးမှုတွေကို တို့မြှင့်ပြီး မြန်မာပြည်ကိုဝင်ရောက်ထိမ်းကျောင်းတဲ့ မစ်ရှင်တခုလိုတယ်။

၂။ စစ်အာဏာရှင်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းပေးမှုရပ်တန့်ရမယ်။၃။ အိုင်စီစီမှာ ခုနှိမ်နှင်းမှုတွေအားလုံးမှာ အပစ်ရှိတဲ့သူအားလုံးကိုတရားစွဲအပြစ်ပေးရမယ်။ ဦးကျော်မိုးထွန်းပြောတဲ့အထဲမှာတော့ လက်တွေ့သိပ်ကျတဲ့အချက်၂ခုကိုသတိထားမိတယ်။

၁။ ခုတိုက်နေတဲ့ပြည်နယ်တွေမှာ မပျံသန်းရဇုံ (No Fly Zone) သတ်မှတ်ပေးပါ။

၂။ လက်ရှိစစ်အာဏာရှင်ဆန့်ကျင်သူတွေ ခိုလှုံဖို့ လွတ်လပ်နယ်မြေတွေဖန်တီးပေးဖို့လိုတယ် ဆိုတာတွေပါ။ အမေရိကန်အနေအထားကိုယ့်ဘက်ကတင်ပြတာတွေအပြင် အမေရိကန်အနေအထားကိုလည်း တချက်စောင်းငဲ့ကြည့်ရအောင်။ အမေရိကန်သံအမတ်ပြောတာက

၁။ ခြိမ်းခြောက်နေတာတခုတည်းကအလုပ်မဖြစ်ဘူးဆိုတာသူတို့သိတယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။

၂။ အပစ်မဲ့ တိုင်းရင်းသားတွေကို လေကြောင်းထိုးစစ်ဆင်တာတွေကို သူတို့သိတယ်။ (ကရင်ပြည်သူတွေ ထိုင်းနယ်စပ်ပြေးရတာကို ရည်ညွှန်းလိုတာဖြစ်တယ်)။

လွန်ခဲ့တဲ့ ၃နှစ်လောက်ကလည်းဒီထက်ပိုတဲ့ ထိုးစစ်တွေ မောင်းနှင်မှုတွေလုပ်ခဲ့တယ် (ရခိုင်ပြဿနာကိုရည်ညွှန်းတယ်)။ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေတယ်၊ မတည်မငြိမ်ဖြစ်စေတယ်။

၃။ ယူအင်အထူးသံတမန်ကို ပြည်ဝင်ခွင့်ငြင်းပယ်တာသိရတယ်။ အာစီယံကို ဗဟိုပြုတဲ့ ညှိနှိုင်းမှုတွေ လုပ်မယ်။ အစည်းအဝေးတခုလုံးကို အနှစ်ချုပ်ကြည့်တော့ အမေရိကန် တရုတ် ၂ နိုင်ငံသဘောတူတဲ့ အာစီယံလမ်းကြောင်းပဲ ထွက်ပေါ်လာဖို့ ရှိတယ်။ အရင်ပြောနေကျ စစ်ကောင်စီကို တဦးချင်းနဲ့ အဖွဲ့လိုက် ပိတ်ဆို့မှုတွေ၊ လက်နက်တင်ပို့မှုပိတ်ဆို့မှုတွေကိုလုပ်ရင်း ဆွေးနွေးဖို့ဆိုတာပါပဲ။

စိုင်းစံခမ်း ပြောတာတွေက ဒါတွေကိုကြိုကာထားတဲ့သဘောမျိုးလိုတောင်ဖြစ်နေတယ်။ စစ်တပ်ရဲ့ လူမဆန်တဲ့ မတရားနှိပ်စက် သတ်ဖြတ်မှုကြောင့် လူထုနဲ့ စစ်တပ်ကြားဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အဆင့်ကိုကျော်လွန်သွားပြီ ဆိုတာ ဒါလုပ်လို့ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာပါပဲ။

ဒီပွဲမှာ အသစ်လို့ပြောနိုင်လာတာက လေယဥ်မပျံသန်းရဇုံနဲ့ လွတ်လပ်နယ်မြေဖြစ်တယ်။ ဒါဟာ မြေပြင်တိုက်ပွဲတွေကို တိုက်ရိုက်အထောက်အကူပြုမှာပဲဖြစ်တယ်။

အဟောင်းဆိုပေမယ့် ပြန်သတိရအောင် ပြောပေးဖို့လိုနေတာက အမေရိကန်က တဦးတည်းဝင်တိုက်ဖို့ ဆန္ဒမရှိဘူး၊ မဟာမိတ်ဟာ အမေရိကန် မြန်မာ အကျပ်အတည်းမှာကိုင်ထားတဲ့စကားလုံးဖြစ်တယ်။ (ဆိုလိုတာ ရေရှည်စစ်လို မြေပြင်ထိုးစစ်ကို တဦးတည်းတိုက်တာဟာ သူ့ရဲ့ တရုတ်ကိုဝိုင်းပတ်နှိပ်ကွပ်ရေး ဒေသဆိုင်မဟာဗျူဟာနဲ့ မကိုက်ညီမှာစိုးလို့ ဖြစ်ပုံပေါ်တယ်၊ အီရန်ကိုလုပ်သလို တချက်တည်းအပိုင် ဒရုန်းတွေပျံတိုက်လိုက်တာမျိုးကို လုပ်ဖို့တော့ ချိန်ဆနေပုံရတယ်။

သံတမန်ရေးနဲ့ အချိန်ယူစီစစ်နေတဲ့သဘော)။ အာစီယံ နတ်ပွဲအာစီယံဆွေးနွေးပွဲကို ဧပြီ ၂၀လို့ ရက်သတ်မှတ်လိုက်ပြီ။ နောက်၁၀ရက်၊ သင်္ကြန်အပြီးပေါ့။

နေ့တိုင်းဟာ တန်ဖိုးရှိနေတဲ့ ကျနော်တို့အတွက် အာစီယံနတ်ကရာကို ကြည့်မောနေဖို့ထက် ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြရမယ်။ စစ်အာဏာရှင်ပျက်သုန်းရေးကို စစ်ကောင်စီနဲ့ဆွေးနွေးလို့မရနိုင်ဘူး။ ခုဆို မြောက်ပိုင်း မဟာမိတ်၃ဖွဲ့ကစတိုက်လာပြီ။

ကေအိုင်အေနဲ့ ကေအင်ယူက တိုက်ပွဲအရှိန်ရနေပြီ။ RCSS ဟာ ဒီတိုက်ပွဲတွေကို မကြာမီဝင်လာဖို့ရှိတယ်လို့ ယူဆရတယ်။ ခုကိုပဲ ဝနဲ့ဆွေးနွေးပြီးပြန်လာတဲ့ စစ်တပ်လေယဥ်ကို ပစ်တဲ့သတင်းက အတည်ဖြစ်လာပြီ။ လွတ်မြောက်နယ်မြေထူထောင်ပါ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပါ။ ပေးစရာရှိတာပေးပြီး အစိုးရဖွဲ့ပါ။ နိုင်ငံတကာကို မင်းတို့မတိုက်ရင်တောင် လက်နက်ထောက်ပံ့ဖို့ တောင်းဆိုပါ။ ပြီးရင် တောရောမြို့ပါ တပြိုင်နက်တိုက်နိုင်လာမယ်။

သေသေချာချာတိုက်ရင် ဒီတနွေပဲ။

ခရက်ဒစ် – ဆရာကျော်ဇောခိုင်

Credit: Photo
Credit: Photo